ဥရုဂွေး (Uruguay)

လက်ရှိတောင်အမေရိကတိုက်မှာ ဥရုဂွေးထက် ခြေစွမ်းကောင်းပြနိုင်တာဆိုလို့ ဘရားဇီးတစ်သင်းပဲရှိပါတယ်။ ဒီနှစ်ကမ္ဘာ့ဖလားတွင် အချို့သောကြယ်ပွင့်ကစားသမားများအနားယူသွားကြပြီး လူငယ်ခြေတက်များစွာပါဝင်လာမှာဖြစ်ပါသည်။

နောက်တန်း Diego Godin(ဒိုရေးကို ဂိုဒင်)(၃၁ နှစ်) နဲ့ ရှေ့တန်းတွင် Edinson Cavani(ကာဗာနီ) (၃၀ နှစ်) နှင့် Luis Suarez (ဆွာရက်ဒ်) (၃၀ နှစ်) တို့က အသင်းတိုင်းကို ကောင်းကောင်း ဒုက္ခပေးနိုင်သော ကစားသမားများဖြစ်ပါသည်။ ထို့ပြင် ကွင်းလယ်တွင် Federico Valverde(ဗဲဗားဒီ) (၁၉ နှစ်) နဲ့ Nahitan Nandez (နန်းဒက်စ်) (၂၁ နှစ်) တို့သည်လည်းပုံမှန်ပွဲထွက်ခွင့်ရသော လူငယ်ခြေတက် ကစားသမားများဖြစ်ပါသည်။ နည်းပြ Oscar Tabarez(အော်စကာ တာဘာရက်ဇ်) က ဥရုဂွေးအသင်းကို 2006 မှစတင်၍ ပြန်လည်ကောင်းမွန်လာအောင်စွမ်းဆောင်ခဲ့ပြီး 2022 ခုနှစ်တွင် အောင်မြင်မှုရရှိနိုင်လိမ့်မယ်ဟု ပြောဆိုခဲ့ပါသည်။

 

အဓိကကစားသမား : Cavani (Paris Saint-Germain) - တောင်အမေရိကတိုက် ခြေစမ်းပွဲတွင်ဂိုးများဆုံးသွင်းယူခဲ့သူတစ်ဦးဖြစ်ပါသည်။ ဥရုဂွေးအသင်းတွင် ကာဗာနီသည် ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်စ်ထက်ပိုမို ဂိုးသွင်းနိုင်ပြီး ဥရုဂွေးအသင်းအတွက် ၁၈ ပွဲကစားပြီး ၁၀ ဂိုးသွင်းယူပေးထားပါသည်။

 

နည်းပြ : Oscar Tabarez - သူရဲ့လေးကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဥရုဂွေးအသင်းအတွက် နည်းပြရသူဖြစ်ပါသည်။ ထိုအသက် 71 နှစ်အရွယ် နည်းပြ တာဘာရက်ဇ်သည် 2016 တွင် အာရုံကြောရောဂါတစ်မျိုး(Guillain-Barré syndrome) ခံစားရပြီး လက်ရှိတွင် တွန်းလှည်းနဲ့နည်းပြနေရပါသည်။