ဆွစ်ဇာလန် (Switzerland)

ဆွစ်ဇာလန်အသင်းအနေဖြင့် ပါရမီရှိသောကစားသမားများပိုင်ဆိုင်ထားပြီး ဒီနှစ်ကမ္ဘာဖလားတွင် ကွာတားဖိုင်နယ်တက်လှမ်းနိုင်ရန်ရည်းမှန်းထားသောအသင်းတစ်သင်းဖြစ်သည်။

ရွှေရောင်မျိုးဆက်လို့မခေါ်ကြပါဘူး ဒါပေမယ့် ဆွစ်ဇာလန်အသင်းတွင် 2009 ခုနှစ် u-17 ကမ္ဘာ့ဖလားချန်ပီယံရထားသောအဓိကကစားများပါဝင်လာမှာဖြစ်ပြီး ပြိုင်ပွဲအတွေ့အကြုံကောင်းများလည်းရှိပါသည်။

သို့သော် ဆွစ်ဇာလန်အသင်းအနေဖြင့် ကမ္ဘာ့ဖလားတွင် အောင်မြင်မှုကြီးကြီးမားမားမရသေးဘဲ အမြင့်ဆုံးအောင်မြင်မှုမှာ ၁၉၅၄ တွင် ၁၆သင်းအဆင့်ထိ တက်လှမ်းနိုင်ခဲ့ခြင်းသာရှိခဲ့သည်။

ခြေစမ်းပွဲစဉ်တွင်လည်း ဆွစ်ဇာလန်အသင်းသည် ၉ ပွဲဆက်အနိုင်ရရှိပြီး မြောက်အိုင်ယာလန်အသင်းကို ပန်နယ်တီ တွင်အနိုင်ရရှိအောင်မြင်ခဲ့ပါသည်။

 

** အဓိကကစားသမာ : Valon Behrami(Udinese) - လူငယ်ကစားသမားတွေကြားထဲမှာ အတွေ့အကြုံရှိလူကြီးတစ်ယောက်အနေဖြင့် သူ့ရဲ့ စတုတ္ထမြောက်ကမ္ဘာ့ဖလားကို ဝင်ရောက်ကစားသွားမှာဖြစ်ပါတယ်။ alon Behrami (ဗာလွန် ဘယ်လာမီ) မပါဝင်သော ဆွစ်ဇာလန်အသင်းသည် ခြေစွမ်းပိုင်သိသိသာသာ ကျဆင်းခဲ့ပြီး ခြေစမ်းပွဲအုပ်စုတွင်လည်း ပေါ်တူဂီအသင်းကို ရှုံးနိမ့်ခဲ့ပါသည်။

 

**နည်းပြ : Vladimir Petkovic(ဗလာဒီမာ ပက်ကိုဗစ်)