ဆာဘီးယား (Serbia)

၈နှစ်ကြာ ကမ္ဘာ့ဖလားနဲ့ဝေးကွာခဲ့ပြီးနောက် ဆားဘီးယားအသင်းသည် 2018 ကမ္ဘာ့ဖလားသို့တစ်ကျော့ပြန်ပြန်လည်ဝင်ရောက်နိုင်ခဲ့သည်။ ဆားဘီးယားအသင်းသည် ခြေစမ်းပွဲအုပ်စုအဆင့်တွင် ဂိုး ၂၀ ထိသွင်းယူထားပြီး အိုင်ယာလန်,ဝေးလ်စ် နှင့် သြစတေးလျအသင်းတို့အထက်တွင်ရပ်တည်နိုင်ခဲ့ပါသည်။

ခြေစမ်းပွဲစဉ်များတွင် ဆားဗီးယားအသင်း၏ပရိသတ်များပြဿနာပြုမှုကြောင့် ဖီဖာအဖွဲ့ချုပ်မှ ဆားဘီယားဘောလုံးအဖွဲ့ချုပ်ထံ ဒဏ်ကြေး ဆွစ်ဒေါ်လာ(၁၆၀,၀၀၀) ဒဏ်ခတ်ခဲ့သည်။

ထို့နောက် နည်းပြ Slavojub Muslin(ဆလက်ဗိုဂျပ် မူစလင်) ကို ခြေစမ်းပွဲအောင်မြင်အောင်စွမ်းဆောင်ခဲ့သော်လည်းရာထူးမှထုတ်ပယ်ပြီး Mladen Krstajic ကို ယာယီနည်းပြအဖြစ်ခန့်အပ်ခဲ့သည်။

 

အဓိကကစားသမား : Branislav Ivanovic (Zenit St.Petersburg) - ပရီးမီးယားလိဂ်နာမည်ကြီးအသင်းတစ်သင်းဖြစ်သော ချဲလ်ဆီးအသင်းတွင် ကာလကြာရှည်စွာကစားခဲ့ပြီးအတွေ့အကြုံများစွာရှိသောခံစစ်မှူးတစ်ယောက်ဖြစ်သည်။

 

နည်းပြ:တရားဝင်မကြေငြာသေး။