ဆီနီဂေါ (Senegal)

ဆီနီဂေါအသင်း သည် 2002 ခုနှစ်ကမ္ဘာ့ဖလားတွင် ပြင်သစ်အသင်းကိုရှုံးပြီးနောက်ပိုင်း ၁၂ နှစ်လုံးလုံးကမ္ဘာ့ဖလားပြိုင်ပွဲကိုပါဝင်နိုင်ခြင်းမရှိပါဘူ။ ယခု 2018 ကမ္ဘာ့ဖလားသည် သူတို့အတွက် ပထမဆုံးအကြိမ်ပြန်လည်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး အဖရိကတိုက်မှ နောက်ဆုံးနေရာဖြင့်ဝင်ရောက်ခဲ့ခြင်းဖြစ်ပါသည်။

 

အဓိကကစားသမား : Sadio Mane (Liverpool) - လက်ရှိလီပါပူးအသင်းအတွက် ချန်ပီယံလိဂ်တွင် ခြေစွမ်းပြ ဂိုးသွင်းပေးထားသူဖြစ်ပါတယ်။ လက်ရှိတွင် သူ၏ခြေစွမ်းသည် အကောင်းဆုံးအနေအထားမှာရှိနေပြီး ဆီနီဂေါ အသင်းအတွက် လိုအပ်သည့်ဂိုးများကို သွင်းယူပေးနိုင်လိမ့်မယ်လို့မျှော်လင့်ရပါသည်။

 

နည်းပြ : Aliou Cisse – 2002 ကမ္ဘာ့ဖလားတုန်းက ဆီနီဂေါ အသင်းခေါင်းဆောင်အဖြစ် ဆီနီဂေါအသင်းကို ကွာတားဖိုင်နယ်အထိဦးဆောင်ခဲ့ပြီး ယခု 2018 တွင် နည်းပြအဖြစ် ပြန်လည်ဦးဆောင်ရမည်ဖြစ်သည်။