ပေါ်တူဂီ (Portugal)

ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု (၅) ကြိမ် ရထားသော Cristiano Ronaldo(ရော်နယ်ဒို) သည် ပေါ်တူဂီအသင်းနဲ့အတူ ကမ္ဘာ့ဖလားရယူရန် ဆန္ဒပြုခဲ့ဖူးပါသည်။ပေါ်တူဂီအသင်းလည်း 2016 ဥရောပဖလားတွင်အိမ်ရှင် ပြင်သစ်အသင်းကို အနိုင်ယူပြီးဖလားမြောက်ခဲ့သောအသင်းဖြစ်ပြီး ဥရောပချန်ပီယံ အဖြစ်နဲ့ ရုရှားကိုရောက်ရှိလာမှာဖြစ်ပါတယ်။နောက်တန်းတွင် ရီးရဲခံစစ်မှူးဟောင်း ပီပီ ပါဝင်ပြီး တိုက်စစ်တွင် Andre Silva(အန်ဒရီ ဆေးလ်ဗား) က ရော်နယ်ဒိုကို ကောင်းစွာဖန်တီးပေးမယ်လို့မျှော်လင့်ရပါတယ်။

 

**အဓိကကစားသမား : Ronaldo (Real Madrid)- အသက် 32 နှစ်အရွယ် တိုက်စစ်မှူး သည် လက်ရှိကမ္ဘာ့အကောင်းဆုံးဆုရရှိထားသူတစ်ဦးဖြစ်ပါသည်။လက်ရှိ ချန်ပီယံလိဂ်တွင် ဂိုးသွင်းအများဆုံးသူအဖြစ်ရပ်တည်နေပြီး စံချိန်ကောင်းများစွာချိုးခဲ့သောကစားသမားတစ်ဦးလည်းဖြစ်ပါသည်။ သူ၏ကြိုးစားမှုဖြင့် ရုရှားမြေမှဖလားရယူနိုင်မလားလို့စောင့်ကြည့်ရပါမည်။

 

**နည်းပြ : Fernando Santos – 2014 ခုနစ်ထဲက ပေါ်တူဂီအသင်းကို ကိုင်ခဲ့ပြီး သူသည် ပေါ်တူဂီအသင်းကို ခံစစ်အားကောင်းအောင်ဖန်တီးခဲ့ပါသည်။