ပါနားမား (Panama)

ပါနားမားနိုင်ငံသည် ကမ္ဘာ့ဖလားကို ပထမဆုံးအကြိမ် ခြေစမ်းပွဲအောင်မြင်ခဲ့သည်ကိုဂုဏ်ပြုသောအနေဖြင့် ထိုနေ့ကို အစိုးရရုံးပိတ်ရက်အဖြစ်သတ်မှတ်ခဲ့ပါသည်။ ပါနားမားအသင်းသည် Costa Rica(ကော့စတာ ရီကာ)အသင်းကို ၂-၁ ဖြင့်အနိုင်ရရှိပြီး အမေရိကန်နိုင်ငံကိုကျော်၍ ကမ္ဘာ့ဖလားကိုဝင်ရောက်နိုင်ခဲ့ပါသည်။

ပါနားမားနိုင်ငံ၏အဓိကအားကစားဂိမ်းသည် Baseball အားကစားနည်းဖြစ်ပြီး ဒီနှစ်ကမ္ဘာ့ဖလားဝင်ရောက်နိုင်ခဲ့သည့်အတွက် ပါနားမားနိုင်ငံတွင် ဘောလုံးအားကစားနည်းပါ တဖြည်းဖြည်းခေတ်စားလာမယ်လို့ထင်ရပါသည်။

 

** အဓိကကစားသမား : Luis Tejada (Universitario) - ရှေ့တန်းတိုက်စစ်မှူးတစ်ဦးဖြစ်ပြီး ပါနားမားအသင်းတွက် 43 ဂိုးသွင်းယူပေးခဲ့ပါသည်။

 

** နည်းပြ : Hernan Dario Gomez - ကိုလံဘီယာနိုင်ငံသားနည်းပြသည် ပါနားမားနိုင်ငံကို ခြေစမ်းပွဲအောင်မြင်ရန်စွမ်းဆောင်ခဲ့သောနည်းပြကောင်းတစ်ဦးဖြစ်ပါသည်။ သူသည် ကိုလံဘီယာအသင်းကို ၁၉၉၈ တွင် ကမ္ဘာ့ဖလားဝင်နိုင်အောင်စွမ်းဆောင်ခဲ့ပြီး အီကွေဒေါအသင်းကိုလည်း 2002 တွင်တစ်ကြိမ် ၊ ယခု ပါနားမားအသင်းကို လည်းကမ္ဘာ့ဖလားသို့ မှော်ဆန်စွာပို့ပေးနိုင်ခဲ့သောနည်းပြတစ်ဦးလည်းဖြစ်ပါသည်။