နိုင်ဂျီးရီးယား (Nigeria)

အာဖရိကတိုက်တွင် အရင်ဆုံးခြေစစ်ပွဲအောင်ပြီး ရုရှားသို့ရောက်ရှိလာသောအသင်းတစ်သင်းဖြစ်ပါသည် ။ ခြေစစ်ပွဲအုပ်စုတွင်လည်း အာဖရိက လက်ရှိချန်ပီယံ Cameroon(ကင်မရွန်း) နှင့် ချန်ပီယံဟောင်း Zambia(ဇမ်ဘီယာ) ၊ Algeria(အယ်လ်ဂျီးရီးယား) တို့ကိုနိုင်ပြီး ခြေစစ်ပွဲကို ထိုက်တန်စွာအောင်မြင်ခဲ့သောအသင်းတစ်သင်းလည်းဖြစ်ပါသည်။ နိုင်ဂျီးရီးယားအသင်းသည် ကမ္ဘာ့ဖလားနောက်ဆုံး ၆ ကြိမ်တွင် ၅ ပါဝင်နိုင်ခဲ့သောအသင်းလည်းဖြစ်ပါသည်။

 

** အဓိကကစားသမား :John Obi Mikel (Tianjin Teda, China) - လက်ရှိ နိုင်ဂျီးရီးယားအသင်းတွင် Alex Iwobi(အဲလက်စ် အီဝိုဘီ) ၊ Kelechi Iheanacho(ကီလီချီ) နှင့် Victor Moses(မောဇက်စ်) တို့လိုတိုက်စစ်အားကောင်းသော ကစားသမားများပါဝင်သော်လည်း Obi Mikel(မီခဲလ်) သည် အသင်း၏ခေါင်ဆောင်တာဝန်ကိုယူထားပြီး ကွင်းလယ်တွင် ခံစစ်နဲ့တိုက်စစ်မျှတအောင် ပံ့ပိုးပေးပါသည်။

 

**နည်းပြ : Gernot Rohr - မီခဲလ်လိုပဲအသင်းကို တည်ငြိမ်အောင်စွမ်းဆောင်ပေးနိုင်သောနည်းပြကောင်းတစ်ဦးဖြစ်ပါသည်။ နိုင်ဂျီးရီးယားအသင်းသည် ပြီးခဲ့သည့် ဘရာဇီးတွင်ကျင်းပသော ကမ္ဘာ့ဖလားအပြီးတွင် နည်းပြပေါင်း (၈) ဦးလဲလှယ်ခဲ့ပြီး Gernot Rohr သည် နောက်ဆုံးလဲခဲ့သောနည်းပြဖြစ်ပါသည်။