နေ့လည်ခင်းသတင်းများ (10.12.2018)

Football 10/12/2018 11:38 AM

ချဲလ်ဆီးအသင်းရဲ့ အသက် (၃၁) နှစ်အရွယ် နောက်ခံလူ ဒေးဗစ်လုဇ်ကတော့ အသက် (၃၀) ကျော် ကစားသမားတွေကို တစ်နှစ်ထက် ပိုပြီးသက်တမ်းမတိုးတဲ့ ချဲလ်ဆီး အသင်းရဲ့ မူဝါဒကြောင့် စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ အသင်းကနေ ထွက်ခွာသွားနိုင်ချေ ရှိတယ်လို့ သိရှိရပါတယ်။

ဟာဇက်ကို ခေါ်ယူလိုနေတဲ့ အသင်းတွေထဲမှာ စပိန်နာမည်ကြီးကလပ် ရီးရဲယ်မက်ဒရစ်အသင်းအပြင် စီးရီးအေက ဂျူဗင်တပ်စ် ပြင်သစ်လီဂူးက PSG အသင်းတို့ကပါ ဟာဇက်ရဲ့အခြေအနေကို စောင့်ကြည့်နေကြပြီလို့ သိရှိရပါတယ်။

အာဆင်နယ်အသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ရိုးမားအသင်းရဲ့ ကွင်းလယ်ကစားသမား အွန်ဒါကို ယူနိုက်တက်အသင်းက ကြားဖြတ် ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ အီတလီ သတင်းစာတချို့က ဖော်ပြခဲ့ကြပါတယ်။

ဂျာမနီလက်ရွေးစင်အသင်းနည်းပြ  ဂျိုအာချင်လိုးကတော့ ရီးရဲယ်မက်ဒရစ်အသင်းရဲ့ နည်းပြချုပ်ရာထူးကို ရယူဖို့ ဆန္ဒရှိနေတယ်လို့ သိရှိရပါတယ်။ 

ယူနိုက်တက်အသင်းဟာ ပေါ်တိုအသင်းရဲ့ ဘရာဇီးနောက်ခံလူ မီလီတာအိုကို ပြောင်းရွှေ့ကြေး ပေါင် (၄၄.၇) သန်းနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရှိရပါတယ်။

အိမ်ကွင်းမှာ ဝုလ်ဗ်အသင်းကို နှစ်ဂိုးတစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ နယူးကာဆယ်အသင်းနည်းပြ ဘင်နီတက်ဇ်က ပရီးမီးယားလိဂ်မှာ VAR စနစ်ကို အသုံးပြုဖို့ လိုအပ်နေပြီလို့ အကြံပြုပြောကြားသွားပါတယ်။

ချဲလ်ဆီးအသင်းဟာ  အသင်းက ထွက်ခွာဖို့ နီးစပ်နေတဲ့ ကွင်းလယ်ကစားသမား ဖာဘရီဂတ်စ်ရဲ့ နေရာကို အစားထိုးဖို့ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမား ဒင်းနစ်ဆွာရက်ဇ်ကို စိတ်ဝင်စားနေတယ်လို့ သိရှိရပါတယ်။ 

အာဆင်နယ်အသင်းဟာ အသင်းရဲ့ ကွင်းလယ်ကစားသမား အိုဇေးလ်ကို လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့မှာတင် ပြောင်းရွှေ့ကြေး ပေါင် (၂၅) သန်းခန့် ရရှိတာနဲ့ ရောင်းချသွားဖို့ ဆန္ဒရှိနေတယ်လို့ သိရှိရပါတယ်။ အိုဇေးလ်ကို ခေါ်ယူဖို့ စီးရီးအေကလပ် အင်တာမီလန်အသင်းက စိတ်ဝင်စားနေတယ်လို့ သိရှိရပါတယ်။

ယူနိုက်တက်အသင်းက ထွက်ခွာဖို့ နီးစပ်နေတဲ့ နောက်ခံလူ ဒါမီယန်ကတော့ အီတလီမြေကို လွမ်းဆွတ်နေပြီဖြစ်ကြောင်း ဖွင့်ဟပြောကြားသွားပါတယ်။