နံနက်ခင်းသတင်းများ (14.12.2018)

Football 14/12/2018 00:53 AM

အာဆင်နယ်အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းကြီးဖြစ်တဲ့ ရောဘတ်ပီရက်စ်ကတော့ အသင်းနည်းပြ အူနိုင်းအမ်မရီနဲ့ ပတ်သက်ပြီး ချီးကျူးပြောကြားမှုတွေ ပြုလုပ်သွားပါတယ်။

မန်စီးတီးအသင်းရဲ့ နောက်ခံလူ လာပေါ်တေးကတော့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့်မရခဲ့ခြင်းအပေါ် နည်းပြ ဒက်ချမ့်စ်အပေါ် လက်ရှိအချိန်ထိ အခဲမကြေသေးဘဲ ပြစ်တင်ဝေဖန်သွားခဲ့ပါတယ်။

ဗယ်လာဒိုးလစ်အသင်းရဲ့ ပိုင်ရှင်ဖြစ်တဲ့ ဘရာဇီးရော်နယ်ဒိုကြီးကတော့ ရီးရဲယ်မက်ဒရစ်အသင်းရဲ့ လူငယ်ကစားသမား ဗီနီရှပ်စ်ကို ခေါ်ယူလိုတယ်လို့ ပြောကြားသွားပါတယ်။

ဒီဘောလုံး ရာသီကုန်မှာ ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာတော့မယ်လို့ ကြေညာထားတဲ့ တောင်ပံကစားသမား ရော်ဘင်ကို ခေါ်ယူဖို့ အသင်းဟောင်း PSV အသင်းက ဆက်သွယ်နေတယ်လို့ သိရှိရပါတယ်။ 

ဘရာဇီးကလပ် ဆန်းတို့စ်အသင်းဟာ အာဂျင်တီးနားအသင်းနည်းပြဟောင်း ဆမ်ပါအိုလီကို နည်းပြ အဖြစ်ခန့်အပ်ဖို့ သဘောတူညီမှုရခဲ့ပြီလို့ သိရှိရပါတယ်။

အာဆင်နယ်အသင်းရဲ့ လူငယ်ကစားသမားလေး ရိုဝီကတော့ သူ့အနေနဲ့ ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ဖူးတယ်လို့ ဖွင့်ဟပြောကြားသွားပါတယ်။

ဂျူဗင်တပ်စ်အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ ကန်ဆယ်လိုနဲ့ ကွာဒရာဒိုတို့နှစ်ဦးကတော့ တိုရီနိုအသင်းနဲ့ ကစားမယ့် စီးရီးအေ အဝေးကွင်းပွဲစဉ်ကို လွဲချော်ဖွယ်ရှိတယ်လို့ သိရှိရပါတယ်။

အင်တာမီလန်အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဇနက်တီကတော့ အသင်းရဲ့ အဓိက တိုက်စစ်မှူး အီကာဒီကို အသင်းမှာ ဆက်နေဖို့ မျှော်လင့်တယ်လို့ ပြောကြားသွားပါတယ်။