ဂျပန် (Japan)


ဂျပန်အသင်းသည် အခြားအသင်းကြီးများကဲ့သို့ နာမည်ကြီးကစားသမားများမပါဝင်သော်လည်း အသင်းတွင် ဥရောပအတွေ့အကြုံများစွာရှိသော ကစားသမားများရှိပါသည်။ ဒေါ့မွန်အသင်းမှ Shinji Kagawa(ကာဂါဝါ) နှင့် လက်စတာအသင်းမှ Shinji Okazaki(အိုကာဇာကီ) တို့ကို အဓိကအသုံးပြုပြီး 2018 ကမ္ဘာ့ဖလားတွင် နေရာတစ်နေရာရအောင်စွမ်းဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ရပါသည်။ ဂျပန်အသင်းသည် အာရှတိုက်ခြေစမ်းပွဲတွင် ဆော်ဒီ ၊ သြစတေးလျာ တို့ကိုကျော်ပြီး ပထမဆုံး ခြေစမ်းပွဲအောင်မြင်ခဲ့သောအသင်းတစ်သင်းဖြစ်ပါသည်။

 

** အဓိကကစားသမား : Shinji Kagawa (Borussia Dortmund) - အတွေ့အကြုံအရှိဆုံးနှင့် ပုံမှန်ခြေစွမ်းပြသနိုင်သောကစားသမားတစ်ဦးဖြစ်ပါသည်။ ကာဂါဝါသည် ဂျပန်အသင်း၏ အဓိကနေရာတွင်ပါဝင်ကစားမှာဖြစ်ပြီး အခြားဥရောပအတွေ့အကြုံရှိသော Okazaki(အိုကာဇာကီ)၊ Yuto Nagamoto(နာဂါမိုတို) နှင့် Keisuke Honda(ဟွန်ဒါ) တို့ကပါဝင်အားဖြည့်ကစားသွားမည်ဖြစ်ပါသည်။

 

** နည်းပြ : Vahid Halilhodzic - အသက် ၆၅ နှစ်အရွယ် ဘော့စ်နီးယားနိုင်ငံသားသည် 2014 ကမ္ဘာ့ဖလားတုန်းက နိုင်ဂျီးရီးယား အသင်းကို ၁၆ သင်းရှုံးထွက်အဆင့်ထိတက်လမ်းနိုင်အောင်စွမ်းဆောင်ပေးခဲ့ပြီး ဒီနှစ်ဂျပန်အသင်းကိုလည်း ဘယ်အဆင့်ထိရောက်အောင် စွမ်းဆောင်ပြမလဲဆိုတာစောင့်ကြည့်ရမည်ဖြစ်သည်။