အိုက်စလန် (Iceland)

လူဦးရေ(၃၃၀,၀၀၀) သာရှိသော အိုက်စလန်နိုင်ငံသည် ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက်အသေးဆုံး နိုင်ငံဖြစ်ပါသည်။

ပြီးခဲ့တဲ့နှစ်တွင် အိုက်စလန်နိုင်ငံသည် ပြင်သစ်နိုင်ငံ နိုက်စ်မြို့တွင် နာမည်ကြီး အင်္ဂလန်နိုင်ငံကို ရှုံးထွက်အဆင့်တွင် အနိုင်ရရှိပြီး 2016 ဥရောပဖလား၏ ကွာတားဖိုင်နယ်သို့တက်လှမ်းနိုင်ခဲ့သည်။ ထို့ပြင် ဒီနှစ်ကမ္ဘာ့ဖလား ခြေစမ်းပွဲတွင်လည်း ခရိုအေးရှား ၊ ယူကရိန်းနိုင်ငံတို့ထက် အရင်ဝင်ခွင့် ရခဲ့ခြင်းကို ကြည့်ခြင်းအားဖြင့် အိုက်စလန်အသင်းသည် 2016 ဥရောပဖလားတွင် ကွာတားဖိုင်နယ်ကို အရည်ချင်းရှိရှိရောက်ခဲ့ခြင်းဖြစ်ကြောင်းသိနိုင်သည်။

 

** အဓိကကစားသမား : Aron Gunnarsson (Cardiff City) – Gylfi Sigurdsson (ဂစ်ဖီ ဆစ်ဂတ်ဆန်) သည် အိုက်စလန်နိုင်ငံ၏အဓိကတိုက်စစ်မှူးဖြစ်ပြီး Aron Gunnarsson(အေလွန် ဂါန်နာဆန်) သည် အသင်း၏အချက်အချာကျသော ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်သည်။

 

**နည်းပြ : Heimir Hallgrimsson – ဟိုင်းမာ ဟော်ဂရမ်ဆန်သည် သွားဆရာဝန်တစ်ယောက်ဖြစ်ပြီး အိုက်စလန်နည်းပြလည်းဖြစ်ပါသည်။