ပြင်သစ် (France)

လက်ရှိလူငယ်ခြေတက် ကစားသမားကောင်းများစွာဖြင့်ဖွဲ့စည်းထားသောအသင်းတစ်သင်းလည်းဖြစ်ပါသည်။ပြင်သစ်အသင်းအနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲတိုင်းခြေစွမ်းကောင်းများဖော်ပြလေ့ရှိသောအသင်းတစ်သင်းလည်းဖြစ်ပါသည်။2006 ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် အီတလီအသင်းကို ပန်နယ်တီအဆုံးအဖြတ်တွင် ရှုံးခဲ့ပြီး 2014 ကမ္ဘာ့ဖလား ကွာတာဖိုင်နယ်တွင်လည်း ဂျာမနီအသင်းကိုရှုံးနိမ့်ခဲ့ပါသည်။ ထို့အပြင်လူအများကပြင်သစ်ကိုဖလားရမယ်လို့မှန်းထားကို 2016 ဥရောပဖလား ဗိုလ်လုပွဲတွင်လည်း ပေါ်တူဂီအသင်းကို အိမ်ကွင်းတွင် ကံဆိုးစွာရှုံးနိမ့်ခဲ့ပါသည်။ ဒီနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ကံဆိုးမှုများပျောက်ကင်း၍ ဖလားရနိုင်ချေရှိသောအသင်းတစ်သင်းလည်းဖြစ်ပါသည်။

 

** အဓိကကစားသမား : Raphael Varane (Real Madrid) - ရီးရဲမက်ဒရစ်နှင့်အတူ ချန်ပီယံလိဂ်သုံးကြိမ်ရဖူးသော ကစားသမားတစ်ယောက်ဖြစ်ပါသည်။သူကစားသောနေရာသည်လည်းနောက်တန်းခံစစ်မှူးဖြစ်သည့်အတွက် တစ်ဖက်အသင်းကိုဂိုးမပေးရအောင်စွမ်းဆောင်နိုင်လိမ့်မယ်လို့ယုံကြည်ရပါသည်။

 

**နည်းပြ:Didier Deschamps - ပြင်သစ်အသင်း၏ခြေစွမ်းကို မကျအောင်ထိန်းထားနိုင်သောနည်းပြတစ်ဦးဖြစ်ပြီး လက်ရှိအချိန်ထိတော့ဖလားတစ်လုံးမှ အသင်းအတွက်မရသေးပါဘူး။ အမြင့်ဆုံးစွမ်းဆောင်ရည်အဖြစ် 2016 ဥရောပပြိုင်ပွဲတွင် အဆင့်(၂) ရရှိထားပြီး 2018 ကမ္ဘာ့ဖလားကိုရယူနိုင်မလားတော့စောင့်ကြည့်ရပါမည်။