အင်္ဂလန် (England)

ဘောလုံးအားကစားနည်းကို စတင်တီထွင်ခဲ့သောနိုင်ငံတစ်နိုင်ဖြစ်ပါသည်။ အင်္ဂလန်အသင်းသည် 2010 နောက်ပိုင်းတွင်ခြေစွမ်းကောင်းများ သိပ်မတွေ့ရတော့ပါ ။ ပြီးခဲ့တဲ့ 2014 ကမ္ဘာ့ဖလားတွင် အုပ်စုပွဲမှာတင်ထွက်ခဲ့ရပြီး 2016 ဥရောပဖလားတွင်လည်း အိုက်စလန်အသင်းကို ရှုံးနိမ့်ခဲ့ပြီး

အိမ်ပြန်ခဲ့ရပါသည်။ ဒါပေမဲ့ ကမ္ဘာ့အအောင်မြင်ဆုံးလိဂ်ကိုပိုင်ဆိုင်ထားပြီး လက်ရှိလူငယ်ခြေတက်များစွာပိုင်ဆိုင်ထားသောအင်္ဂလန်အသင်းသည် ဒီနှစ်ရုရှားမြေမှာ ဖလားမြောက်နိုင်မလားဆိုတာစောင့်ကြည့်ရပါမည်။

 

**အဓိကကစားသမား : Harry Kane (Tottenham Hotspurs) - ဒီနှစ်တွင် ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးစာရင်းဝင်ကစားသမားတစ်ဦးဖြစ်ပါသည်။ ထို့ပြင် စပါးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ရော၊ ချန်ပီယံလိဂ်ရော လိဂ်မရွေးခြေစွမ်းပြဂိုးသွင်းနေသောကစားသမားတစ်ဦးဖြစ်ပါသည်။ အင်္ဂလန်အသင်းအတွက်လည်း ၂၃ ပွဲကစားပြီး ၁၃ ဂိုးသွင်းပေးထားပါသည်။

 

**နည်းပြ : Gareth Southgate - အင်္ဂလန်အသင်း၏ ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး အတွေ့အကြုံရှိသောနည်းပြကောင်းတစ်ဦးလည်းဖြစ်ပါသည်။