အီဂျစ် (Egypt)

အီဂျစ်အသင်းသည် 1990 ကမ္ဘာ့ဖလားပြိုင်ပွဲကို နောက်ဆုံး ယှဉ်ပြိုင်ခဲ့ပြီး ယခု 2018 ကမ္ဘာ့ဖလားသည်သူတို့အတွက် တစ်ကျော့ပြန်လည်ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ အာဖရိကတိုက် ချန်ပီယံ ၇ ကြိမ်တိတိရရှိခဲ့သော အီဂျစ်အသင်းသည် ရုရှားမြေတွင် မည်သို့ခြေစွမ်းပြမလဲဆိုတာကို စောင့်မျှော်ကြည့်ရှုရမည်ဖြစ်သည်။

 

အဓိကကစားသမား : Mohamed Salah (Liverpool) - အီဂျစ်အသင်းအတွက် နောက်ဆုံး ၆ ပွဲတွင် ၅ဂိုးသွင်းယူပေးထားပြီး လက်ရှိ လီဗာပူးအသင်းတွင်ဂိုးအများဆုံးသွင်းယူထားပြီး စံချိန်ကောင်းများစွာချိုးဖြတ်နေသောကစားသမားတစ်ဦးဖြစ်ပါသည်။ ထို့ပြင် လီဗာပူးအသင်းကို ချန်ပီယံလိဂ်တွင်ရလဒ်ကောင်းများရအောင်ပံ့ပိုးပေးပြီး ဥရောပ ရွှေဖိနပ် ဆုကိုပါမှန်းထားသော ကစားသမားတစ်ဦးဖြစ်ပါသည်။

 

နည်းပြ : Hector Cuper - အီဂျစ်အသင်းကို ခံစစ်နှင့် တန်ပြိုင်တိုက်စစ်လျင်မြန်စွာကစားနိုင်အောင် ဖန်တီးထားသောနည်းပြတစ်ဦးဖြစ်သည်။