ဒိန်းမတ် (Denmark)

ဥရောပတိုက်တွင် အလွန်လျင်မြန်စွာတိုးတက်လာသောအသင်းတစ်သင်းဖြစ်ပါသည်။ ဒိန်းမတ်အသင်းသည် 2012 ဥရောပဖလားပြိုင်ပွဲပြီးနောက်ပိုင်း ပြိုင်ပွဲကြီးတော်တော်များများ၏ခြေစမ်းပွဲများကို အောင်မြင်ခဲ့ခြင်းမရှိပါ။ 2016 ယူရိုခြေစွမ်းပွဲတွင် ပိုလန်နှင် မော်တီနိဂရို အသင်းကို ခြေစမ်းပွဲတွင်ရှုံးနိမ့်၍ထွက်ခွာခဲ့ပြီးနောက်ပိုင်းတွင် ဒိန်းမတ်အသင်းသည် လက်ရှိ ၁၁ ပွဲဆက်ရှုံးပွဲမရှိစံချိန်တင်ထားပါသည်။ အဲထဲတွင် 2016 က ရှုံးနိမ့်ခဲ့သော ပိုလန်အသင်းကို ၄-၀ ဖြင့် အနိုင်ယူပြီး 2018 ကမ္ဘာ့ဖလားခြေစမ်းပွဲအောင်မြင်ခဲ့ပါသည်။

 

အဓိကကစားသမား : Eriksen (Tottenham) -၂၀၁၀ ကမ္ဘာ့ဖလားတုန်းက သူအသက်မှာ 18 နှစ်သာရှိပြီးပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။ ယခုလက်ရှိတွင် သူ၏အကောင်းဆုံးအခြေအနေမှာရှိနေပြီး ဒိန်းမတ်အသင်းအတွက် 11 ဂိုးသွင်းယူပေးထားပါသည်။ ဒိန်းမတ်အသင်းအနေဖြင့် 2018 world cup အောင်မြင်မှုသည် အဲလက်စ်ဆင် ရဲ့ခြေစွမ်းပေါ်မူတည်နေပါသည်။

 

နည်းပြ : Age Hareide - အသက် ၆၄ နှစ်အရွယ် နော်ဝေးနိုင်ငံသားသည် နော်ဝေးအသင်းကို ၅ နှစ်ခန့်နည်းပြခဲ့သော အတွေ့အကြုံရှိနည်းပြကောင်းတစ်ဦးဖြစ်ပါသည်။