ခရိုအေးရှား (Croatia)

ခရိုအေးရှားအသင်းသည်လည်း ဒီနှစ် ကမ္ဘာ့ဖလားခြေစမ်းပွဲကို လွယ်ကူစွာအောင်မြင်ခဲ့သောအသင်းတစ်သင်းဖြစ်ပါသည်။ ယခုအသင်းကို Luka Modric(မိုဒရစ်)က ကွင်းလယ်အဖြန့်နေရာတွင် ဦးဆောင်နေပြီး ရှေ့တန်းတွင် အတွေ့အကြုံရှိသောတိုက်စစ်မှူး Mario Mandzukic(မန်ဒ်ဆူးကစ်) ၊ ဘာစီလိုနာမှ ကွင်းလယ်တိုက်စစ် Ivan Rakitic(အိုင်ဗန်ရာကီတစ်) နှင့် အင်တာမီလန်မှ တောင်ပံကစားသမား Ivan Perisic(ပါရီဆစ်) တို့ပါဝင်ပြီး လူစရင်းကို ကြည့်ခြင်းအားဖြင့်အသင်းကောင်းတစ်သင်းဖြစ်ကြောင်းသိနိုင်ပါသည်။

 

** အဓိကကစားသမား : Modric (Real Madrid) - လက်ရှိရီးရဲအသင်းတွင်လည်းခြေစွမ်းကောင်းပိုင်ဆိုင်ထားသောကစားသမားလည်းဖြစ်ပါသည်။2015-2016 ခုနှစ်ရဲ့ လာလီဂါအကောင်းဆုံးကွင်းလယ်ဆုကို ရရှိထားသူလည်းဖြစ်ပါသည်။

 

** နည်းပြ : Zlatko Dalic - ခရိုအေးရှားအသင်းကို 2016 ဥရောပဖလားတွင် ရှုံးထွက်အဆင့်ထိတက်လမ်းနိုင်ခဲ့ပါသည်။ ဒီနှစ်ကမ္ဘာ့ဖလားတွင်လည်း ကစားသမားကောင်းများပိုင်ဆိုင်ထားပြီး ခြေစွမ်းကောင်းများဖော်ပြနိုင်အောင်စွမ်းဆောင်နိုင်လိမ့်မယ်လို့မျှော်လင့်ရပါသည်။