ကော်စတာရီကာ (Costa Rica)

အမေရိကတိုက် အလယ်ပိုင်းတွင်တည်ရှိသော နိုင်ငံငယ်လေးသည် ပြီခဲ့သည့် 2014 ကမ္ဘာ့ဖလားတွင် ကွာတားဖိုင်နယ်ထိတက်လှမ်းနိုင်ခဲ့ပြီး နယ်တလန်အသင်းကို ပန်နယ်တီအဆုံးအဖြတ်တွင် ရှုံးနိမ့်ခဲ့ပါသည်။

ဒီနှစ်နဲ့ဆို ကော့်စတာရီကာ အသင်းအတွက် ငါးကြိမ်မြောက်ကမ္ဘာ့ဖလားဝင်နိုင်ခြင်းဖြစ်ပြီး လူဦးရေ 5 သန်းသာရှိသောနိုင်ငံငယ်လေးအတွက် အလွန်ပင် ဂုဏ်ယူစရာကောင်းပါသည်။

 

အဓိကကစားသမား : Keylor Navas(Real Madrid) - ကော့်စတာရီကာ နာမည်အကြီးဆုံးကစားသမားတစ်ယောက်လို့ပြောရပါမည်။ သူသည် 2014 ကမ္ဘာ့ဖလားတွင် လက်စွမ်းပြကာကွယ်ခဲ့ပြီး ပြိုင်ပွဲပြီးသည်နဲ့ ရီရဲမက်ဒရစ်အသင်း၏ကမ်းလှမ်းခြင်းကိုခံရသော ကစားသမားကောင်းတစ်ဦးဖြစ်ပါသည်။

 

နည်းပြ : Oscar Ramirez- ကော်စတာရီကာအသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး နည်းပြဟောင်း Paulo Wanchope(ဝမ်ချပ်) အနားယူပြီးနောက် ကိုင်တွယ်ခဲ့ပါသည်။