ကိုလံဘီယာ (Colombia)

ပြီးခဲ့တဲ့ 2014 ကမ္ဘာ့ဖလားတွင် ကွာတားဖိုင်နယ်ထိတက်ရောက်နိုင်ခဲ့ပြီး ဒီနှစ်တွင်လည်းတက်လှမ်းနိုင်ရန် အရည်းအချင်းရှိသောအသင်းကောင်းတစ်သင်းဖြစ်ပါသည်။

ဒါပေမဲ့ဒီနှစ်ခြေစမ်းပွဲကို ခက်ခဲစွာကျော်ဖြတ်ခဲ့ပြီး 2014 နှင့် 2018 နှစ်ကြိမ်ဆက်ကမ္ဘာ့ဖလားဝင်ခဲ့ပါတယ်။

 

** အဓိကကစားသမား : James Rodriguez (Bayern Munich) – 2014 ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြ၍နာမည်ကြီးခဲ့သော ကစားသမားတစ်ဦးဖြစ်ပါတယ်။ ပြိုင်ပွဲပြီးတာနဲ့ရီးရဲမက်ဒရစ်အသင်းက သူ့ကို မိုနာကိုအသင်းမှ ချက်ချင်းခေါ်ယူခဲ့ပါသည်။ ထို့နောက် စပိန်မြေတွင် ပွဲထွက်ခွင့်ရုန်းကန်နေရသဖြင့် ဂျာမနီထိပ်ဆုံးအသင်း ဘိုင်ယန်မြူးနစ်သို့ အငှားစာချုပ်ဖြင့်ရောက်ရှိခဲ့ပြီး လက်ရှိခြေစွမ်းပြနေသော ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

 

** နည်းပြ : Jose Pekerman - ကိုလံဘီယာအသင်းကို 2014 တွင် ကမ္ဘာ့ဖလားပြိုင်ပွဲသို့ပြန်လည်ခေါ်ဆောင်ပေးခဲ့သော နည်းပြတစ်ဦးဖြစ်ပါတယ်။ ထို့ပြင် 2006 ကမ္ဘာ့ဖလားတွင်လည်း အာဂျင်တီးနားအသင်းကို ကွာတားဖိုင်နယ်ထိပို့ဆောင်နိုင်ခဲ့ပြီး အတွေ့အကြုံရှိသောနည်းပြကောင်းတစ်ဦး

လို့ယုံကြည်ရပါတယ်။