ဘရားဇီးလ် (Brazil)

2014 ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဂျာမနီကို 7-1 ဖြင့်ရှုံးနိမ့်ခဲ့ပြီးနောက်အသင်းတွင် အပြောင်းအလဲများစွာပြုလုပ်ခဲ့ပါသည်။ 2018 ကမ္ဘာ့ဖလားတွင် ပထမဆုံး ခြေစစ်ပွဲအောင်သောအသင်းတစ်သင်းဖြစ်ပြီး အာဂျင်တီးနားအသင်းကိုခြေစစ်ပွဲတွင်လည်း 3-0 ဖြင့်ဂိုးပြတ်အနိုင်ယူခဲ့ပါသည်။

**အဓိကကစားသမား : Neymar(Paris Saint-Germain) - လက်ရှိကမ္ဘာ့ပြောင်းရွှေ့ကြေးအများဆုံးဖြင့် ပြောင်းရွှေ့ထားသောကစားသမားတစ်ဦးဖြစ်ပါသည်။လက်ရှိခြေစွမ်းအနေအထားအရသူသည်အကောင်းဆုံးအနေအထားသို့ရောက်ရှိနေပါသည်။ PSG အသင်းတွင်လည်းပွဲတိုင်းနီးပါးဂိုးသွင်းနိုင်သူတစ်ဦးဖြစ်ပါသည်။ ထို့ပြင်ဒီနှစ်ကမ္ဘာ့ဖလားကို ဘရားဇီးသာရခဲ့လျှင် နောက်နှစ်ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို မက်ဆီ ၊ ရော်နယ်ဒိုတို့ကိုကျော်၍ နေမား ရရှိနိုင်မည်ဖြစ်ပါသည်။

 

**နည်းပြ : Adenor Bacchi - လက်ရှိဘရားဇီးအသင်းကို ပျက်စီးနေသောအနေအထားမှ ချန်ပီယံမှန်းနိုင်သောအနေအထားသို့ပြောင်းလဲပေးသောနည်းပြတစ်ဦးဖြစ်ပါသည်။ပြီးခဲ့သည့် 2014 world cup ကဆိုရင် ဘရားဇီးအသင်းသည် နေမာတစ်ဦးတည်းကိုအားကိုးနေသောအသင်းဖြစ်ပြီး ယခုဘရားဇီးအသင်းသားတိုင်းရဲ့ခြေစွမ်းကိုဖော်ထုတ်နိုင်အောင်စွမ်းဆောင်ခဲ့သောနည်းပြကောင်းတစ်ဦးလည်းဖြစ်ပါသည်။