ဘယ်လ်ဂျီယမ် (Belgium)

ဒီနှစ်ဘယ်လ်ဂျီယမ်အသင်းအနေဖြင့် အရည်အချင်းရှိသောကစားသမားများစွာပိုင်ဆိုင်ထားပါသည်။အားလုံးကြားဖူးသောကစားသမားများဖြစ်သည် လူကာကူ(ရှေ့တန်း) ၊ ဟာဇက်(တောင်ပံ အလိမ်အခေါက်သမား) နှင့် ကော့တိုရစ်(ဂိုးသမား) တို့ပေါင်းစပ်ထားသော အသင်းကောင်းတစ်သင်းဖြစ်ပြီးဒီနှစ် ကမ္ဘာ့ဖလားတွင် ရေပန်းစားနေသောအသင်းလည်းဖြစ်ပါသည်။

 

**အဓိကကစားသမား:Kevin De Bruyne(Manchester City) - ပရီးမီးယားလိဂ်ကို လက်ရှိခြေစွမ်းပြဦးဆောင်နေသော မန်စီးတီးအသင်း၏အဓိကကစားသမားလည်းဖြစ်ပါသည်။ 2014 ကမ္ဘာ့ဖလားနှင့် 2016 ဥရောပဖလားတို့တွင်လည်းပါဝင်ကစားခဲ့ပြီးအတွေ့အကြုံရှိသောကစားသမားတစ်ယောက်လည်းဖြစ်ပါသည်။

 

**နည်းပြ : Roberto Martinez - ဘယ်ဂျီယံအသင်းသည် 2016 ဥရောပဖလားပြိုင်ပွဲတွင် အခြေအနေမကောင်းခဲ့သောကြောင့် နည်းပြဟောင်း Marc Wilmots ကိုဖြုတ်ချပြီး Roberto Martinez(ရော်ဘာတိုမာတီနက်စ်) စပိန်နိုင်ငံသားကို နည်းပြအဖြစ်ခန့်အပ်ခဲ့ပါသည်။ဒီနှစ်ကမ္ဘာ့ဖလားတွင်လည်းသူဦးဆောင်သော ဘယ်လ်ဂျီယမ်အသင်းသည်ဘယ်လိုစွမ်းဆောင်ပြမလည်းလို့စောင့်ကြည့်ရပါမည်။