Argentina(အာဂျင်တီးနား)

ဘောလုံးပါရမီရှင်တစ်ဦး Lionel Messi(မက်ဆီ) ပါဝင်သော အာဂျင်တီးနားအသင်းသည်လည်း ဖလားရနိုင်ချေရှိသောအသင်းတစ်သင်းဖြစ်ကြောင်းအားလုံးသိပြီးသားဖြစ်ပါတယ်။2014 ကမ္ဘာ့ဖလားတွင်လည်းနာကျင်အချိန်ပိုတွင်ကံဆိုးစွာဖြင့် ဒုတိယနဲ့သာကျေနပ်လိုက်ရပါတယ်။

 

**အဓိကကစားသမား:Messi (Barcelona) - အားလုံးသိကြတဲ့အတိုင်း ကမ္ဘာ့အကောင်းဆုံးဆု ၅ ကြိမ်ရထားသူဖြစ်ပါသည်။မက်ဆီသည် ပြီးခဲ့တဲ့ Copa America Cup တွင် ပိုင်နတီမဝင်ခဲ့သည့်အတွက် နိုင်ငံအသင်းမှအနားယူရန်တောင်းဆိုခဲ့သော်လည်း အာဂျင်တီးနားသမ္မတကိုယ်တိုင်မက်ဆီကို 2018 World Cup တွင်ဦးဆောင်ပေးရန်တောင်းဆိုခဲ့သည်။ထို့ကြောင့်ဒီ 2018 ကမ္ဘာ့ဖလားသည် မက်ဆီအတွက်နိုင်ငံအသင်းကိုကိုယ်စားပြုသောနောက်ဆုံးပြိုင်ပွဲဖြစ်နိုင်တဲ့အတွက် ဒီပြိုင်ပွဲကို မက်ဆီအစွမ်းကုန်ကြိုးပမ်းသွားမယ်လို့မျှော်လင့်ရပါသည်။

 

**နည်းပြ:Jorge Sampaoli - အသက် 57 နှစ်အရွယ်အာဂျင်တီးနားနိုင်ငံသားသည် ဒီတစ်နှစ်ထဲတွင် အသင်း၏တတိယမြောက် နည်းပြလည်းဖြစ်ပါသည်။သူ့လက်အောက်တွင်အသင်းသည်ထင်သလောက်တော့မတိုးတက်ပါ။ဒါပေမဲ့ 2018 ကမ္ဘာ့ဖလားတွင်သူနှင့်မက်ဆီဦးဆောင်သောအသင်းသည်ဘယ်အဆင့်ထိရောက်မလဲလို့တော့မျှော်လင့်ရပါသည်။